Ads 468x60px

Pages

Tuesday, March 19, 2013

ရတောင့်ရခဲ ဇီးဖြူသီးထောင်း

အင်ဒီးယားမားကတ်ကရတဲ့ ဇီးဖြူသီး
ကြက်သွန်ဖြူရယ် ငရုတ်သီးရယ် ဇီးဖြူသီးရယ် ငပိစိမ်းစားရယ် ညက်အောင်ထောင်း


အချိုမှုန်.နည်းနည်း ဆားနည်းနည်း ဆီဆမ်း..အင်း..စပ်လည်းစပ် ရသာရှိပါတယ်။
ဒီထောင်းနည်းကို မြန်မာဘလောဂ့်တခု ကရတာပါ နာမည်မေ့နေလို.။ ထောင်းနည်းရေထားသော မြန်မာဘလောဂ့်အားကျေးဇူးတင်ပါတယ်..
 
Thankyou my friend...:)

1 comments:

သီရိရတနာ said...

ရန်ကုန်မှာတုန်းက အိမ်ထဲကို မြွေဝင်လို့ ဆီးဖြူသီးတွေ ချ ထားဖူးသေးတယ်။

မြွေက ရေမြောင်းပေါက်ကနေ အောက်ထပ်မှာ ရှိတဲ့ ရေအိမ် အခန်းထဲက ရေထွက်ပေါက်ကနေ ၀င်လာတာလေ .. ရေမြွေပါ .. အကောင်သေးသေးလေး .. မိုးတွင်းဆို ဒီကောင်တွေ ပေါတယ်။ အဆိပ်တော့ မပြင်းဘူး။

ရေအိမ် တံခါး ဆွဲဖွင့် မြွေကလည်း လန့် ပါးပျဉ်းထောင် ..
ကိုယ်ကလည်း လန့် တံခါးကို စောင့်ပိတ်ချ ... F.M.I အိမ်ရာ က security ကို ဖုန်းဆက်ခေါ် .. အဲဒီ လုံခြုံရေးလာတော့ မြွေက မရှိတော့ဘူး။ အဲဒီ အပေါက်ကို အုတ်နီခဲနဲ့ ပိတ်ထားလိုက်တယ်။

သူများတွေ ပြောတာက အိမ်ထဲကို မြွေဝင်ရင် ငွေဝင်တတ်တယ်တဲ့ .. လာဘ်ကောင်းတယ်တဲ့ ..

မြွေလာတတ်တဲ့ လမ်းကြောင်းမှာ ဆီးဖြူသီး ချထားရင် မြွေမလာတော့ဘူးတဲ့ ..

ရန်ကုန် တရုတ်တန်း ၁၇လမ်းဈေးမှာ ဆီးဖြူသီးတွေ တစ်ထောင်ဖိုးလောက် ၀ယ်ပြီး ခြံထဲမှာ လိုက်ချတာပေါ့ ...

အမလေး .. မရပါဘူး .. မြွေက အိမ်နောက်ဖေးပေါက်နားမှာ ထားတဲ့ မီးသွေးအိတ်နားမှာ ထပ်တွေ့သေးတယ်။ သူ့ဘေးနားမှာ ဆီးဖြူသီးတောင် ရှိသေး ...

နောက်ပိတ်ဆုံး ခွေးမွေးမှပဲ ရတော့တယ်။ အဲဒီအချိန်တုန်းက F.M.I အိမ်ရာမှာ မြွေအရမ်းပေါတာပဲ .. အခုတော့ မြွေ သိပ်ရှိမယ် မထင်ဘူး။ လူနေတာလည်း များတဲ့ အိမ်ရာဖြစ်နေပြီမို့ ...

ကိုယ့် .. နောက်တခေါက် ကုလားဆိုင် သွားမှပဲ အဲဒီ ဆီးဖြူသီး အထုပ် ရှာဝယ်လိုက်အုံးမယ်။ Deep တံဆိပ်နဲ့ဆိုရင် အရသာကောင်းမှာ သေချာတယ်။ ကိုယ့်က Deep က ထုတ်တဲ့ အစားအသောက်တွေကို ကြိုက်တယ်။ အစားအသောက်ခြင်းတူရင်တောင် Deep တံဆိပ်ကိုပဲ ရွှေးဝယ်တတ်တာလေ။

သူထောင်းထားတဲ့ ဆီးဖြူသီးထောင်းကြည့်ပြီး သရေတောင် ကျတယ်။